Wednesday 27 July 2011

ဗမာဘဏ်တိုက်လုပ်ငန်း

ဗမာ့စီးပွားရေးဘဏ်၌ အားပေးရန်ဟူ၍ 
ထူထောင်သော မြန်မာပြည်လုံးဆိုင်ရာ မြို့မသမဝါယမဘဏ်လီမီတက်တသည်ကား မကွဲပြားမီက 
အစုဝင်ငွေ ၁-သိန်းမျှသာရှိ၍ ဦးထွန်းအောင်ကျော်က မန်နေဂျာ ဒါရိုက်တာအဖြစ် ဆောင်ရွက်နေ၏။ 

ကွဲပြားပြီးသောအခါ ဝံသာနုအသင်းနုအသင်းများက တသင်းလျှင် အစုငွေ ၅၀-ကျအနည်းဆုံးထည့်ဝင်ကြ၍ 
အစုငွေ ၆-သိန်းကျော်အထိတိုးတက်လာပြီး အတော်ပင်ကြီးပွားတိုးတက်ခဲ့သည်။ 

စီရင်စုနယ်များတွင် ဘဏ်ခွဲပေါင်း ၈-ခုမျှဖွင့်လှစ်၍ 
ကုန်သည်ဘဏ်တိုက်လုပ်ငန်း၊ ပြည်တွင်းငွေအပြောင်းအလဲနှင့် ချေးငွေလုပ်ငန်းများကိုပါ 
လုပ်ကိုင်လျှက်ရှိနေရာ ရှေ့သို့တိုးတက်ဖိုလမ်းမှာ အတော်ကလေး မျော်လင့်ဖွယ်ရှိလာ၏။

သို့သော် တာရှည်မခံနိုင်ဘဲ ပျက်ပြားရတော့သည်။ ဤသည်ကိုကား အမျိုးသားချင်းနွားကွဲကျားကိုက် 
အဖြစ်မျိုးတည်း။

လူခွန်နှင့် သဿမေဓခွန် မပေးတမ်း

၁၂၈၅- ခုနှစ်တွင် ဦးချစ်လှိုင်ခေါင်းဆောင်သော ဂျီ၊ စီ၊ ဘီ၊ အေကွန်ဖရင့်ကို ပေါင်းထည်မြို့တွင် ကျင်းပရာ 
တတ်ရောက်ကြသော ပရိသတ်မှာ တသိန်းကျော်မျှပင်ရှိ၏။ 

ထိုအစည်းအစေးသို့ ဦးဥတ္တမကိုယ်တော် 
အိန္ဒိယကွန်ဂရက်အသင်းမှ ခေါင်းဆောင်ဆွာမီမဒန်ဂျစ် (ကုလားဘုန်းကြီး)
 တို့ပါ တတ်ရောက်၍ ဦးဥတ္တမနှင့် မဒန်ဂျစ်တို့က အင်္ဂလိပ်ဘာသာဖြင့် မိန့်ခွန်းစကားပြောဆိုကြ၏။ 

ကျွန်နော်လည်း သတင်းထောက်တစ်ဦးအနေဖြင့် တတ်ရောက်၍ စိတ်ဝင်စားဖွယ်ကောင်းသော 
ဆုံးဖြတ်ချက်တစ်ခုတွင် အတိုင်အခံ အငြင်းအခုံ ပြုလုပ်ကြသည်ကို ကောင်းစွာမှတ်မိပါသည်။

ထိုပြနာမှာ အစိုးရနှင့် မဆက်ဆံဘဲ ကောင်စီမဝင်သော နောက်ပိုင်းတွင် အိန္ဒိယနည်းတူ 
အခွန်မပေးစတမ်းဟူသော ဆုံးဖြတ်ချက်ပင်ဖြစ်၏။

အခွန်ဆို၍ 
အားလုံးမဟုတ်။ နှစ်ပေါင်းများစွာ မြန်မာလူမျိုးတို့ သာလျှင် သီးခြားပေးဆောင်နေရသော 
လူခွန်နှင့်သမေဓခွန်သာလျှင်ဖြစ်သည်။ ထိုအဆိုကို အတွင်းရေးမှုးချုပ်ဖြစ်သော သယာဝတီ 
ဦးပုကပြင်းပြင်းထန်ထန်ကန့်ကွက်၏။

ငွေထိန်း ဦးထွန်းအောင်ကျော်က ပြင်းပြင်းထန်ထန် ထောက်ခံသည်။ 
နယ်မှတက်ရောက်သော ကိုယ်စားလှယ်များကမူကား ဦးဥတ္တမအားကိုးနှင့် လူခွန်မပေးတမ်းအဆိုကို 
စိတ်ဓါတ်ထက်သန်နေကြပုံပေါ်။

သာယာဝတီဦးပုက ဦးဥတ္တမနှင့် လွန်စွာရင်နှီးပြီး အနီးကပ်ပေါင်းထားသည့်အပြင် “ဟုမ္မရူးလိဂ်” ခေါ် 
အသင်းတခုကိုဖွင့်ရာ ဦးဥတ္တမနှင့် သာယာဝတီ ဦးပုနှစ်ဦးတို့မှာ ထိုအသင်းအတွက် 
တပူးတပေါင်းတည်းပင် ဆောင်ရွက်နေကြ၏။

သာယာဝတီဦးပု ကန့်ကွက်စကားပြောပြီးသောအခါ 
ဦးဥတ္တမသည် ထိုင်ရာမှထလာပြီးနောက် “အခုစကားပြောသွားသူကိုသိကြရဲ့လား၊ အဲဒီလူဟာ ပလီဒါဘဲ။ 
ပလီဒါဆိုတာ ရှေ့နေခေါ်တယ်။

ရှေ့နေဆိုတာ ဟုတ်တာမှန်တာကို ပြောခဲ့တယ်”

စသဖြင့် ခတ်တိုတိုပင် ဦးပုကိုဆောင်၍ ထည့်သည်။ 

ထို့နောက်ဦးပု ဘာစကား 
ဘာမျှမပြောတော့ဘဲငြိမ်သွား၏။ 

ထိုအဆိုကို အောင်မြင်စွာဆုံးဖြစ်လိုက်ကြသည်။ 

သို့ရာတွင်မည်သည့်ဝံသာနုအသင်းနှင့် အသင်းသားမှ အခွန်မပေးတမ်းကို ဆောင်ရွက်ကြသဖြင့် 
အစိုးကဖိနှိပ်ကွပ်မျက်ခြင်းအမျိုးမျိုးနှင့် နှိပ်ကွပ်သော် အသင်းချုပ်ဌာနချုပ်ကို အားမကိုးဘဲ မိမိတို့တာဝန်နှင့် 
မိမိတို့ ခံယူဆောင်ရွက်ကြရမည်ဟု ဆုံးဖြတ်ထားလေသည်။

ကောင်စီအတွင်းဘက်က ၂၁-ဦးတို့သည်လည်း ရှိသမျှလူနှင့်စည်းရုံးပြီးလျှင် ကွန်ဖရင့်များကို 
အပြိုင်အဆိုင်ပင် ၃-နှစ်လောက်က ကျင်းပနေကြသေး၏။

သို့သော်နောက်ပိုင်းတွင် 
အမျိုးသားပါတီဟူ၍၎င်း ပြောင်းလဲကာ ကောင်းစီဝင်သို့ပင် လုံးပန်းနေကြတော့၏။ 

ပထမအကြိမ်တွင် ကောင်စီအတွင်း၌ ၎င်းတို့ အမတ်ဦးရေများသင့်သလောက် များသော်လည်း 
ဒုတိယအကြိမ်တွင် ဆာဒီဂလင်ဆီနှင့် ဂျေ၊ အေ၊ မောင်ကြီး တို့ကြီးမှူးသော ရွှေတောင်ကြား (ခေါ်) 
ဂိုးလ်ဒင်းဗယ်လီပါတီက အင်အားကြီးလာပြီးလျှင် ကောင်စီ၌ ၂၁-ဦးတို့ ရာထူးမရဘဲ 
အတိုက်အခံမှ နေရရုံမက ၎င်းတို့အဖွဲ့မှ ရွေးကောက်သော ဒေါက်တာဘရင်က ရွှေတောင်ကြားနှင့်ပေါင်းပြိး 
ပညာရေးဝန်ကြီးရာထူး ယူလိုက်သည်။

မန္တလေးအဓိကရုဏ်းကြီး

မန္တလေးတွင် ဦးဘဦးနှင့် ၂၁-ဦးနောက်ပါတို့ အတော်ကလေးလှုပ်ရှားလျှက်ရှိနေရာ စီပီ ဦးခင်မောင်နှင့် မန္တလေးဝံသာနု အချို့က ဦးထွန်းအောင်ကျော်နှင့်ပေါင်းပြီး ဆရာတော်ဦးဥတ္တမကို မန္တလေးသို့ ပင့်ရန်စီစဉ်ပြီး 
ပင့်တော့သည်။

ဦးဥတ္တမကိုယ်တော်ကြွလာပြီဆိုလျှင် မန္တလေးမြို့မှ မြင်မကောင်းသော လူထုပရိသတ်ကြီးသည် 
ရှမ်းစုဘူတာမှ ဆီးကြိုစောင့်ဆိုင်းလျင်ရှိ၏။

၁၂၈၆-ခုနှစ် တပေါင်းလလောက်ပင်ဖြစ်သည်။ 

ဆရာတော်ဦးဥတ္တမအား မော်တော်ကားနှင့်တင်၍ နောက်နှင့်ရှေ့မှ လူထုပရိသတ်ရဟန်သတ်များ 
လိုက်လာကြလေရာ ၂၁-ဦးဘက်က သူတို့ အစည်းအဝေးလုပ်နေသော ဓါတ်ရထားလမ်းတလျှောက်ကို 
ဦးဥတ္တမ မကြွလာဖို့ရာဇဝတ်ဝန်ထံသို့ ကန့်ကွက်အကြောင်းကြား၍ ရာဇဝတ်ကလည်း ထိုမျှကြီးမားသော 
လူထုပရိသတ်ကို ထိုလမ်းမှမသွားရန် လာပြီး ရုတ်ချည်းကန့်ကွတော့သည်။ 

လူထုသည် နားမထောင်ဘဲ ဇွတ်ချီတက်လေရာကျောက်သွေးတန်းသို့ ရောက်တွင် လူထုအပေါ်သို့ ခဲများ။ 

ပုလင်းများကျလာသဖြင့် ထိုပုလင်းများကျသည်ဟု ထင်ရသော နီးရာရွှေမောင်းတိုက် ပိုးထည်ဆိုင်တို့ကို 
ဝိုင်းပြီး ခဲ့နှင့်ပစ်ကြလေတော့သည်။ 

ပုလိပ်ကလက်နက်နှင့် တားမြစ်နေစဉ် အဓိကရုဏ်းဖြစ်ပွားသော လမ်းပေါ်၌ ပုလိပ်ကို ခဲနှင့်ပစ်ကြ၍ 
ပုလိပ်ကလည်း သေနတ်နှင့်ပစ်ရာ ဦးထွန်းအောင်ကျော်၊ ဦးတုတ်၊ စီပီ ဦးခင်မောင်၊ ဦးဆောင်၊ 
ဦးစံညွန်တို့ကို ဖမ်းပြီး အစိုးရက တရားစွဲဆိုလေသည်။

အားလုံးပင် ထောင်ဒါဏ် ၄-နှစ်၊ ၇-နှစ်သဖြင့် 
ကျခံရ၏။